- 360 International Company
- eCommerce Solutions
- Nov 23, 2021
- www.360malls.com
360 International Company
360 Malls တွင် အစဉ်မြဲအားပေးလျှက်ရှိသော ဧည့်သည်များကို ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ Member အစီစဉ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ အဆင့် (၄) ဆင့် သတ်မှတ်ထားပြီး၊ သက်ဆိုင်ရာ အဆင့်အလိုက် ခံစားခွင့်များ နှင့် လက်ဆောင်များ ရနိုင်မှာဖြစ်ပါတယ်။
တစ်ကြိမ်တည်းနှင့် ဝယ်ယူမှု ကျပ် ၁၀၀၀၀၀(၁သိန်း) ဝယ်ယူသော ဧည့်သည်အား Regular MemberCard ထုတ်ပေးမည် ဖြစ်ပါသည်။ ခံစားခွင့်မှာ ၅% ဖြစ်ပါသည်။ ထိုအပြင် Regular Member Card ဖြင့် ဝယ်ယူမှု ကျပ် ၈၀၀၀၀ (၈ သောင်း) ပြည့်တိုင်းကို အမှတ် (၁) မှတ်ရမည်ဖြစ်ပြီး၊ အမှတ် (၂၀) မှတ် ပြည့်ပါက Silver Member အဖြစ်သို့ တိုးမြှင့်သတ်မှတ်ပေးမည်ဖြစ်သည်။( မွေးနေ့ခံစားခွင့်မပါ )။
ERKE Showroom များတွင်ဖြစ်စေ www.360malls.com မှတဆင့်ဖြစ်စေ တစ်ကြိမ်တည်းနှင့် ဝယ်ယူမှု ကျပ် ၃၀၀,၀၀၀ (၃ သိန်း) ပြည့်ပါက Sliver Member အဖြစ်သတ်မှတ်ပေးမည်ဖြစ်သည်။ Sliver Member ကဒ် ကိုင်ဆောင်ထားသူသည် ERKE ၏ မည်သည့်ဆိုင်ခွဲမဆို ခံစားခွင့် အကျုံးဝင်သည်။ www.360malls.com တွင်လည်း အသုံးပြုနိုင်သည်။ အသစ်ရောက်ရှိသောပစ္စည်းများ (သို့မဟုတ်) ကျပ် တစ်သောင်းဖိုးနှင့်အထက် တန်ဖိုးရှိသော ပစ္စည်းများအားလုံး၊ ဆိုင်တွင်းရှိ Discount ချထားသော ပစ္စည်းများမှလွဲ၍ ကျန်မည်သည့် ပစ္စည်းမဆို ၁၀ ရာခိုင်နှုန်းခံစားခွင့် ရမည် ဖြစ်သည်။ ထိုအပြင် Sliver Member ဖြင့် ဝယ်ယူမှု ကျပ် ၁၂၀၀၀၀ (၁သိန်း ၂ သောင်း) ပြည့်တိုင်းကို အမှတ် (၁) မှတ်ရမည်ဖြစ်ပြီး၊ အမှတ် (၂၀) မှတ် ပြည့်ပါက Gold Member အဖြစ်သို့ တိုးမြှင့်သတ်မှတ်ပေးမည်ဖြစ်သည်။ Silver Member ကိုင်ဆောင်သူသည် မိမိ၏ မွေးနေ့တွင် ဝယ်ယူပါက (၅၀) ရာခိုင်နှုန်းခံစားခွင့် ရမည်ဖြစ်သည်။
ERKE Showroom များတွင်ဖြစ်စေ www.360malls.com မှတဆင့်ဖြစ်စေ တစ်ကြိမ်တည်းနှင့် ဝယ်ယူမှု ကျပ် ၆၀၀,၀၀၀ (၆ သိန်း) ပြည့်ပါက Gold Member အဖြစ်သတ်မှတ်ပေးမည်ဖြစ်သည်။ Gold Member ကဒ် ကိုင်ဆောင်ထားသူသည် ERKE ၏ မည်သည့်ဆိုင်ခွဲမဆို ခံစားခွင့် အကျုံးဝင်သည်။ www.360malls.com တွင်လည်း အသုံးပြုနိုင်သည်။ အသစ်ရောက်ရှိသောပစ္စည်းများ (သို့မဟုတ်) ကျပ် တစ်သောင်းဖိုးနှင့်အထက် တန်ဖိုးရှိသော ပစ္စည်းများအားလုံး၊ ဆိုင်တွင်းရှိ Discount ချထားသော ပစ္စည်းများမှလွဲ၍ ကျန်မည်သည့် ပစ္စည်းမဆို ၁၅ ရာခိုင်နှုန်းခံစားခွင့် ရမည် ဖြစ်သည်။ ထိုအပြင် Gold Member ဖြင့် ဝယ်ယူမှု ကျပ် ၁၅၀,၀၀၀ (၁ သိန်း ၅ သောင်း) ပြည့်တိုင်းကို အမှတ် (၁) မှတ်ရမည်ဖြစ်ပြီး၊ အမှတ် (၂၀) မှတ် ပြည့်ပါက Diamond Member အဖြစ်သို့ တိုးမြှင့်သတ်မှတ်ပေးမည်ဖြစ်သည်။ Gold Member ကိုင်ဆောင်သူသည် မိမိ၏ မွေးနေ့တွင် ဝယ်ယူပါက (၅၀) ရာခိုင်နှုန်းခံစားခွင့် ရမည်ဖြစ်သည်။
ERKE Showroom များတွင်ဖြစ်စေ www.360malls.com မှတဆင့်ဖြစ်စေ တစ်ကြိမ်တည်းနှင့် ဝယ်ယူမှု ကျပ် ၈၀၀,၀၀၀ (၈ သိန်း) ပြည့်ပါက Diamond Member အဖြစ်သတ်မှတ်ပေးမည်ဖြစ်သည်။ Diamond Member ကဒ် ကိုင်ဆောင်ထားသူသည် ERKE ၏ မည်သည့်ဆိုင်ခွဲမဆို ခံစားခွင့် အကျုံးဝင်သည်။ www.360malls.com တွင်လည်း အသုံးပြုနိုင်သည်။ အသစ်ရောက်ရှိသောပစ္စည်းများ (သို့မဟုတ်) ကျပ် တစ်သောင်းဖိုးနှင့်အထက် တန်ဖိုးရှိသော ပစ္စည်းများအားလုံး၊ ဆိုင်တွင်းရှိ Discount ချထားသော ပစ္စည်းများမှလွဲ၍ ကျန်မည်သည့် ပစ္စည်းမဆို ၂၀ ရာခိုင်နှုန်းခံစားခွင့် ရမည် ဖြစ်သည်။ Diamond Member ကိုင်ဆောင်သူသည် မိမိ၏ မွေးနေ့တွင် ဝယ်ယူပါက (၅၀) ရာခိုင်နှုန်းခံစားခွင့် ရမည်ဖြစ်သည်။

